Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 2:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

39 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။

ထို​အ​ခါ ရဲ​ရင့်​သော​သူ၊ ခြင်္သေ့​နှ​လုံး​ကဲ့​သို့ နှ​လုံး​ရှိ​သော​သူ​သည် စိတ်​ပျက်​ပါ​လိမ့်​မည်။ ခ​မည်း​တော်​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ၌​ပါ​သော​သူ​တို့​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။

သို့​ပြီး​မှ လိုက်​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​လူ​ထံ​သို့ ပြန်​လာ၍ သူ့​ရှေ့၌​ရပ်​လျက်၊ ဣ​သ​ရေ​လ​ပြည်​မှ​တစ်​ပါး အ​ဘယ်​ပြည်၌​မျှ ဘု​ရား​သ​ခင်​မ​ရှိ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​သိ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်၏​ကျွန်​လှူ​သော အ​လှူ​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ​ဟု တောင်း​လျှောက်​လေ၏။

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

ထို​သ​တင်း​ကို ရန်​သူ​တို့​သည်​ကြား၍၊ ပတ်​လည်​ဝန်း​ကျင်၌ နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို မြင်​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​အ​မှု​သည် ငါ​တို့၏ ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ပြီး​ကြောင်း​ကို ရိပ်​မိ​ကြ၏။

ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊

မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် သာ၍​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် မာ​န​ထောင်​လွှား​သော​အ​မှု​အ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​နိုင်​တော်​မူ၏​ဟု​ဆို​ပြီး​မှ၊

ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။

အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် တု​ရု​မြို့​သ​တင်း​ကို​ကြား​သော​အ​ခါ၊ ထို​သ​တင်း​ကြောင့် အ​လွန်​စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ငါ​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​ကို​ဆန့်​လျက် မြေ​ကြီး​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​သည်​ဖြစ်၍၊ ငါ​သည် ပေး​လို​သော​သူ​တို့​အား​ပေး၏။

မြို့​တော်​သည် ဟင်း​လင်း​နေ​ရ၏။ ဥ​စ္စာ​မ​ရှိ၊ လူ​ဆိတ်​ညံ​လျက် ဖြစ်၏။ မြို့​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်၊ ဒူး​ချင်း​ထိ​ခိုက်​လျက်၊ အ​လွန်​ခါး​ကိုက်​လျက်၊ မျက်​နှာ​မည်း​လျက်​ရှိ​ကြ၏။

မော​ရှေ​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ကိုယ်​တော့်​ညီ ဣ​သ​ရေ​လ​က၊ အ​ကျွန်ုပ်​တို့​တွေ့​ရ​သော အ​မှု​အ​လုံး​စုံ​တည်း​ဟူ​သော၊

သင်​တို့​သည် မေ​ရိ​ဘ​စမ်း​ရေ​နား​မှာ ငါ့​စ​ကား​ကို​ဆန့်​ကျင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာ​ရုန်​သည်​မ​ဝင်​ရ။ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်။

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-

သင်​တို့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​အောင်၊ သင်​တို့​နင်း​သော​မြေ​အ​ရပ်၌ ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်။

မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​သည်​ဟု လူ​မျိုး​ခပ်​သိမ်း​တို့​သည် သိ​မြင်၍ သင့်​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။

ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။

ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။

သူ​တို့​က​လည်း၊ ဤ​ပြည်​တစ်​လျှောက်​လုံး​ကို သင်​တို့​အား​ပေး၍၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ ပယ်​ရှင်း​ခြင်း​ငှာ၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​အား မှာ​ထား​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ကျွန်​တို့​သည် ဆက်​ဆက်​ကြား​သိ၍၊ သင်​တို့​လက်၌ အ​သက်​ဆုံး​မည်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ဤ​အ​မှု​ကို ပြု​ပါ​ပြီ။

သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊

သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည် အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ