Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 2:7

Judson Bible

မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-

မိုး​ချုပ်၍ တံ​ခါး​ပိတ်​ချိန်​ရှိ​သော​အ​ခါ၊ သူ​တို့​သည် ထွက်​သွား​ကြ​ပါ၏။ အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​သည်​ကို မ​သိ​ပါ။ အ​လျင်​အ​မြန် လိုက်​ကြ​လော့။ မီ​ကောင်း မီ​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။

သို့​ဆို​သော်​လည်း ထို​သူ​တို့​ကို အိမ်​အ​ပေါ်​သို့ တက်​စေ၍၊ အ​မိုး​ပေါ်​မှာ​ဖြန့်​ထား​သော ပိုက်​ဆန်​ရိုး​ထဲ၌ ဝှက်​ထား​နှင့်​ပြီ။

သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊

ဂိ​လဒ်​လူ​တို့​သည် ဧ​ဖ​ရိမ်​လူ​တို့​ရှေ့​မှာ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်​တို့​ကို ဆီး​တား၍ ပြေး​လွတ်​သော ဧ​ဖ​ရိမ်​လူ​က၊ ကူး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော​အ​ခါ၊ ဂိ​လဒ်​လူ​တို့​က၊ သင်​သည် ဧ​ဖ​ရိမ်​အ​မျိုး​သား ဖြစ်​သ​လော​ဟု မေး​စစ်​သော်၊ သူ​က မ​ဟုတ်​ပါ​ဟု ဆို​လျှင်၊

သူ​က​လည်း ငါ့​နောက်​သို့ လိုက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ရန်​သူ မော​ဘ​လူ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို​သည်​အ​တိုင်း၊ သူ့​နောက်​မှာ​ဆင်း၍ ယော်​ဒန်​မြစ်​ကူး​ရာ မော​ဘ​ပြည်​သို့​သွား​ရာ​လမ်း​ကို ဆီး​တား​သ​ဖြင့်၊ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကူး​စေ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ