Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 2:6

Judson Bible

သို့​ဆို​သော်​လည်း ထို​သူ​တို့​ကို အိမ်​အ​ပေါ်​သို့ တက်​စေ၍၊ အ​မိုး​ပေါ်​မှာ​ဖြန့်​ထား​သော ပိုက်​ဆန်​ရိုး​ထဲ၌ ဝှက်​ထား​နှင့်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။

မိန်း​မ​သည် ရေ​တွင်း​ဝ​ကို​ဖုံး​ပြီး​မှ ဆန်​ကို​လှန်း၍​ထား​သော​ကြောင့် ထို​အ​မှု​သည် မ​ထင်​ရှား။

ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို သတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြု​သော​အ​မှု​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့် ရေ​ကို​ပေး၍ ကျွေး​ကြောင်း​ကို အ​ကျွန်ုပ်​သ​ခင် ကြား​တော်​မ​မူ​သ​လော။

ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို ပယ်​ဖြတ်​သော​အ​ခါ၊ ဩ​ဗ​ဒိ​သည် ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ၏။

သို့​ရာ​တွင် အာ​ခ​ဇိ၏​နှ​မ ယ​ဟော​ရံ​မင်း​ကြီး​သ​မီး ယော​ရှေ​ဘ​သည် အာ​ခ​ဇိ၏​သား​ယော​ရှ​ကို အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍ အာ​သ​လိ​လက်​မှ သူ၏​အ​သက်​လွတ်​စေ​ခြင်း​ငှာ၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌​ဝှက်​ထား၏။

မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။

တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။

အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-

လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သေ​သော​သူ​ဖြစ်၍ သင်​တို့​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်၌ ဝှက်​ထား​လျက်​ရှိ၏။-

မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-

ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-

မိုး​ချုပ်၍ တံ​ခါး​ပိတ်​ချိန်​ရှိ​သော​အ​ခါ၊ သူ​တို့​သည် ထွက်​သွား​ကြ​ပါ၏။ အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​သည်​ကို မ​သိ​ပါ။ အ​လျင်​အ​မြန် လိုက်​ကြ​လော့။ မီ​ကောင်း မီ​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။

မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။

သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊

ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ