Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 2:3

Judson Bible

ယေ​ရိ​ခေါ​မင်း​ကြီး​သည် ရာ​ခပ်​အား သင့်​ဆီ​သို့ ရောက်​လာ၍၊ သင့်​အိမ်​သို့​ဝင်​သော​သူ​တို့​ကို အပ်​လော့။ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​စူး​စမ်း​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု အ​မိန့်​တော်​နှင့် စေ​လွှတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။

ကျွန်ုပ်​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​ကြ​ပါ၏။ သူ​လျှို​မ​ဟုတ်​ပါ။

အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် မိ​မိ​တို့​အ​ရှင်​ဟာ​နုန်​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင် ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ မြို့​တော်​ကို​စစ်​ဆေး​စူ​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ သူ၏​ကျွန်​တို့​ကို​စေ​လွှတ်​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ​သော်။

အ​ဗ​ရှ​လုံ၏ ကျွန်​တို့​သည် ထို​အိမ်​သို့​ရောက်၍ အ​ဟိ​မတ်​နှင့် ယော​န​သန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိန်း​မ​အား​မေး​လျှင်၊ မိန်း​မ​က၊ ချောင်း​တစ်​ဖက်​သို့ ကူး​ကြ​ပြီ​ဟု​ပြော​သ​ဖြင့် သူ​တို့​သည် ရှာ၍​မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။

အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် ဟာ​နုန်​မင်း​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင်၊ ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ ပြည်​တော်​ကို စစ်​ဆေး​စူး​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ၊ သူ၏​ကျွန်​တို့​သည် အ​ထံ​တော်​သို့ ရောက်​သည်​မ​ဟုတ်​လော​ဟု လျှောက်​ကြ​လျှင်၊

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

သူ၏​စ​ကား​ကို​ကြား​သော သူ​အ​ပေါင်း​တို့​သည် သူ၏​ခေါင်း​ပေါ်​မှာ လက်​ကို​တင်​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ​စေ။

ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။-

ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-

ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။-

သူ​တို့​သည် ပြု၍၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က ဆောင်​ခဲ့၍၊

ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊

ရာ​ခပ်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​နှင့်​ပြီး​မှ ကျွန်​မ​ဆီ​သို့ လူ​ရောက်​သည်​မှန်​ပါ၏။ သို့​ရာ​တွင် အ​ဘယ်​အ​ရပ်​က​လာ​သည်​ကို မ​သိ​ပါ။

သူ​က​လည်း၊ တဲ​တံ​ခါး​ဝ၌ နေ​ပါ။ လူ​တစ်​စုံ​တစ်​ယောက်​က ယောက်ျား​ရှိ​သ​လော​ဟု လာ၍​မေး​လျှင် မ​ရှိ​ကြောင်း​ကို ပြော​လော့​ဟု မှာ​ထား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ