ငါတို့အမှုကိုလည်း သင်သည်ဖော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊
လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။
ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသောသူ မည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည်သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည်ခံစေ။
မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါစေတော့ဟုဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ မိန်းမသည်လည်း ထိုကြိုးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။