Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 2:19

Judson Bible

ထို​အ​ခါ သင့်​အိမ်​ထဲ​က လမ်း​သို့​ထွက်​သွား​သော​သူ မည်​သည်​ကား၊ သေ​လျှင်​သေ​ပြစ်​ကို ကိုယ်​တိုင်​ခံ​စေ၊ ငါ​တို့​သည် အ​ပြစ်​လွတ်​စေ။ သင့်​အိမ်၌ ရှိ​သော​သူ​မည်​သည်​ကို အ​သေ​သတ်​လျှင် သေ​ပြစ်​ကို ငါ​တို့​သည်​ခံ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း၊ သင်၏​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ တည်​စေ။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို ကျွန်​တော်​သတ်​ပါ​ပြီ​ဟု သင့်​နှုတ်​သည် သင့်​ဘက်၌ သက်​သေ​ခံ​လေ​ပြီ​ဟု ဆို၏။

ထို​မျှ​မ​က လူ​ဆိုး​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို သူ၏​အိမ်​အ​တွင်း အိပ်​ရာ​ပေါ်​မှာ​သတ်​လျှင်၊ သာ၍ ပြု​သင့်​သည်​မ​ဟုတ်​လော။ ယ​ခု​ပင် သူ၏​အ​သွေး​ကို သင်​တို့၌ ငါ​တောင်း၍ သင်​တို့​ကို​မြေ​ကြီး​ပေါ်​က ပယ်​ရှား​သင့်​သည် မ​ဟုတ်​လော​ဟု ဗေ​ရော​သိ​အ​မျိုး၊ ရိ​မ္မုန်၏​သား ရေ​ခပ်​နှင့် ညီ​ဗာ​နာ​အား ဆို​ပြီး​လျှင်၊

သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။

သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။

ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

ကိုယ်​အ​ဘ၏​မ​ယား​နှင့် သင့်​နေ​သော​သူ​သည် အ​ဘ​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ မိ​ဘ​ကို ကျိန်​ဆဲ​သော​ကြောင့် သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-

ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊-

ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့၏​အ​သွေး​နှင့် ငါ​ကင်း​လွတ်​သည်​ဟု ယ​နေ့၌ သင်​တို့​အား ငါ​သက်​သေ​ခံ၏။-

ပေါ​လု​က၊ ဤ​သူ​တို့​သည် သင်္ဘော​ပေါ်၌ မ​နေ​လျှင် သင်​တို့​သည် ချမ်း​သာ​မ​ရ​နိုင်​ကြ​ဟု တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​အား ဆို၏။-

ထို​မျှ​မ​က၊ ဘု​ရား​သ​ခင်၏ သား​တော်​ကို ခြေ​ဖြင့်​ကျော်​နင်း​လျက်၊ မိ​မိ​ကို​စင်​ကြယ်​စေ​သော ပ​ဋိ​ညာဉ်​တ​ရား၏ သွေး​ကို အ​ပြစ်​တင်​လျက်၊ ဆု​ကျေး​ဇူး​ကို​ပေး​သော ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​လျက်​ရှိ​သော​သူ​သည်၊ အ​ဘယ်​မျှ​လောက် ကြီး​စွာ​သော​ဒဏ်​ဖြင့် ခံ​ထိုက်​သည်​ကို သင်​တို့ ထင်​ကြ​သ​နည်း။-

သို့​ဖြစ်၍ သင်​တို့၌ ကျွန်​မ​သည်​ကျေး​ဇူး​ပြု​သော​ကြောင့် သင်​တို့​သည် ကျွန်​မ​ပေါက်​ဖော်​တို့၌ ကျေး​ဇူး​ပြု၍၊

ထို​သူ​တို့​က၊ သင်​သည် ငါ​တို့​အ​မှု​ကို​မ​ဖော်​မ​ပြ​လျှင် သင့်​အ​သက်​အ​တွက် ငါ​တို့​အ​သက်​သည် အာ​မ​ခံ​ဖြစ်​စေ​တော့။ ဤ​ပြည်​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခါ၊ သင်၌​သ​စ္စာ​စောင့်၍ ကျေး​ဇူး​ပြု​မည်​ဟု ဝန်​ခံ​ကြ၏။

ငါ​တို့​အ​မှု​ကို​လည်း သင်​သည်​ဖော်​ပြ​လျှင်၊ သင်​ယ​ခု​ကျိန်​ဆို​စေ​သော အ​ကျိန်​နှင့် ငါ​တို့​သည် လွတ်​စေ​ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ