ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဖို့ထဲကနုတ်ရ၏။ ယုဒအမျိုးသားတို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။
သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။
ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
လူများလျှင်များသောအမွေမြေကိုလည်းကောင်း၊ လူနည်းလျှင် နည်းသော အမွေမြေကိုလည်းကောင်း၊ အနည်းအများအလိုက် အသီးအသီးတို့အား အမွေမြေကိုဝေပေးရမည်။
တတိယတစ်ကြိမ် စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
ထိုမှတစ်ပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။