ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။
အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
သတ္တမတစ်ကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။