Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 19:26

Judson Bible

အာ​လ​မ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​ပါ​လျက်၊ အ​နောက်​မျက်​နှာ၌ က​ရ​မေ​လ​မြို့၊ ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် လူ​ကို​ယ​ခု​စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက် လေး​ရာ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ယေ​ဇ​ဗေ​လ​စား​ပွဲ၌​စား​သော အာ​ရှ​ရ​ပ​ရော​ဖက်​လေး​ရာ​ကို​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ငါ့​ထံ​သို့ စု​ဝေး​စေ​လော့​ဟု ဆို​သည်​အ​တိုင်း၊

အာ​ဟပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍၊ ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ပေါ်​မှ စု​ဝေး​စေ၏။

အာ​ဟပ်​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား၏။ ဧ​လိ​ယ​သည် က​ရ​မေ​လ​တောင်​ပေါ်​သို့​တက်၍၊ မြေ၌​ပျပ်​ဝပ်​လျက် မျက်​နှာ​ကို ဒူး​ကြား​မှာ​ထား​လျက်၊

ထို​မြို့​မှ က​ရ​မေ​လ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​မှ ရှ​မာ​ရိ​မြို့​သို့​လည်း​ကောင်း အ​စဉ်​အ​တိုင်း​သွား၏။

အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့် မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊

သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။

ပြည်​တော်​သည် ငြို​ငြင်၍ အား​လျော့၏။ လေ​ဗ​နုန်​တော​သည် ရှက်​ကြောက်၍ နွမ်း​ရိ၏။ ရှာ​ရုန်​အ​ရပ်​သည် တော​ကဲ့​သို့​ဖြစ်၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​သည် လှုပ်​ရှား၏။

အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။

သင်​သည် ကျွန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​မြင့်​ဆုံး​သော​အ​ရပ်၊ အ​သီး​များ​သော​တော​ထဲ​သို့ ငါ​ဝင်​ပြီ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟု ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​သက်​ရှင်​သည်​ဖြစ်၍၊ တောင်​တို့​တွင် တာ​ဗော်​တောင်​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​နား​မှာ က​ရ​မေ​လ​တောင်​ကဲ့​သို့​လည်း​ကောင်း ထို​မင်း​သည် လာ​လိမ့်​မည်။

မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယု​တ္တ​မြို့၊

သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊

တစ်​ဖန် နေ​ထွက်​ရာ​ဘက်​သို့​လှည့်၍ ဗက်​ဒါ​ဂုန်​မြို့၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ ယိ​ဖ​သေ​လ​ချိုင့်​ကို​လျှောက်​သ​ဖြင့်၊ မြောက်​မျက်​နှာ​သို့​သွား၍ ဗေ​သ​မက်​မြို့၊ န​ယေ​လ​မြို့၊ ကာ​ဗု​လ​မြို့၊

အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့်​မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊

နံ​နက်​စော​စော​ထ၍ ရှော​လု​ကို ကြို​ဆို​ခြင်း​ငှာ သွား​သော​အ​ခါ၊ ရှော​လု​သည် က​ရ​မေ​လ​မြို့​သို့​ရောက်၍ အောင်​တိုင်​ကို​စိုက်​ပြီး​မှ၊ လှည့်​လည်​သ​ဖြင့် ဂိ​လ​ဂါ​လ​မြို့​သို့ လွန်​သွား​ကြောင်း​ကို ကြား​သော​ကြောင့်၊ ရှော​လု​ရှိ​ရာ​သို့ သွား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ