တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ်ခြောက်မြို့ရှိသတည်း။
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တစ်ဆယ်သုံးမြို့တို့ကို ရကြ၏။
ကြွင်းသော မေရာရိသားတို့အားလည်း၊ ဇာဗုလုန်ခရိုင်ထဲက ရိမ္မုန်မြို့နှင့် မြို့နယ်၊ တာဗော်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသောရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါသည်အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင်ကဲ့သို့လည်းကောင်း၊ ပင်လယ်နားမှာ ကရမေလတောင်ကဲ့သို့လည်းကောင်း ထိုမင်းသည် လာလိမ့်မည်။
တစ်ဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊
ဤရွေ့ကားမြို့ရွာပါလျက် ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင်ထဲက ကိုးမြို့တို့ကိုလည်းကောင်း၊
အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။