အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့လည်းကောင်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့လည်းကောင်း မီလေ၏။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့် နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကိုစီရင်သော အဟိလုပ်၏သားဗာန၊
ထိုမှတစ်ပါး၊ ဂေဇာမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
ကေဒေရှမင်းကြီးတစ်ပါး၊ ကရမေလတောင်ပေါ်မှာ ယောကနမ်မင်းကြီးတစ်ပါး၊
တတိယတစ်ကြိမ် စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
တစ်ဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။