တတိယတစ်ကြိမ် စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
ဇာဗုလုန်သည် ပင်လယ်ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင် ရှိရမည်။
ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။
ပြည်ကို ခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဖို့ စာရေးတံပြုမည်။
အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့လည်းကောင်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့လည်းကောင်း မီလေ၏။
ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဖို့ထဲကနုတ်ရ၏။ ယုဒအမျိုးသားတို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။