ယောရှု 18:24Judson Bibleခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာသမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတစ်ယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။
ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။