Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 18:21

Judson Bible

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မ​က္ကေ​ဇဇ်​မြို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တစ်​ရံ​ရော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ယဇ်​ပူ​ဇော်​ခြင်း​ငှာ အ​လွန်​မြင့်​မြတ်​သော အ​ရပ်​တည်း​ဟူ​သော ဂိ​ဗောင်​မြို့​သို့​သွား၍ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။

ကြွင်း​သော ဣ​သ​ရေ​လ​ခ​ရိုင်​ဟူ​မူ​ကား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဗင်္ယာ​မိန်​ခ​ရိုင် ရှိ​ရ​မည်။

ယေ​ရှု​က၊ လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ ယေ​ရိ​ခေါ​မြို့​သို့​သွား​ရာ​တွင် ဓား​ပြ​နှင့် တွေ့​ကြုံ​လေ၏။ ဓား​ပြ​တို့​သည် ထို​သူ၏​အ​ဝတ်​ကို​ချွတ်၍ နာ​ကျင်​စွာ ရိုက်​နှက်​ပြီး​မှ သေ​လု​မ​တတ်​ရှိ​သော​အ​ခါ ပစ်​ထား၍ သွား​ကြ၏။-

ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။-

ဗေ​သော​ဂ​လ​ရွာ​သို့​လည်း​ကောင်း၊ ဗေ​သ​ရာ​ဗ​ရွာ မြောက်​နား​မှာ​လျှောက်​လျက် ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။

မြေ​အ​ပိုင်း​အ​ခြား​သည် မြောက်​မျက်​နှာ၌ ယော်​ဒန်​မြစ်​မှ​ထွက်၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​နား၌​လည်း​ကောင်း၊ အ​နောက်​ဘက် တောင်​ပေါ်၌​လည်း​ကောင်း လျှောက်​လျက် ဗေ​သ​ဝင်​တော​သို့​ထွက်​သွား၏။

ဗက်​ဟော​ဂ​လ​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်၍ သော​ဒုံ​အိုင်​မြောက်​ကွေ့၊ ယော်​ဒန်​မြစ်​ဝ၌ ဆုံး​လေ၏။ ဤ​ရွေ့​ကား တောင်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။

ယော်​ဒန်​မြစ်​သည် အ​ရှေ့​ဘက်​ပိုင်း​ခြား​လျက်​ရှိ၏။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​နယ် ဖြစ်​သ​တည်း။

ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊

နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊

မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ