မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့လည်းကောင်း၊ အဒုမ္မိမ်ကုန်းတစ်ဖက် ဂေလိလုတ်ရွာသို့လည်းကောင်း၊ ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
ဗေသောဂလရွာသို့လည်းကောင်း၊ ဗေသရာဗရွာ မြောက်နားမှာလျှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့လည်းကောင်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့လည်းကောင်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရောဂေလရွာလမ်းသို့ လိုက်လျက်၊
တစ်ဖန် အရာဗမြို့ မြောက်မျက်နှာတစ်ဖက် လွင်ပြင်နားမှာလျှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊