Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 18:16

Judson Bible

ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။

အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​တစ်​ဖန် မ​ပြင်​နိုင်​အောင် ရေ​ဘူး​ကို ခွဲ​သ​ကဲ့​သို့၊ ဤ​လူ​များ​နေ​သော ဤ​မြို့​ကို ငါ​ခွဲ​မည်။ တောဖက်​အ​ရပ်၌ သင်္ဂြိုဟ်​ရာ​မြေ​မ​လောက်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။

ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ရပ်​ကို တောဖက်​အ​ရပ်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏ ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​သည်​ရောက်​လိမ့်​မည်။

သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​နှင်​ထုတ်​နိုင်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။

ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗု​သိ​မြို့၊ ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​လေး​မြို့​တည်း။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။

ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​ပြီး​မှ မီး​ရှို့​ကြ၏။

သ​မက်​သည် ထို​ည​ကို​မ​လွန်​စေ​ဘဲ ထ​သွား၍ ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့် မ​ယား​ငယ်​လည်း​ပါ​လျက် ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗုတ်​မြို့​အ​နီး​သို့ ရောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ