ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။
ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။
ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသားအသီးအသီးတို့အား မြေကိုပိုင်းခြားလေ၏။
မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌လည်းကောင်း၊ အနောက်ဘက် တောင်ပေါ်၌လည်းကောင်း လျှောက်လျက် ဗေသဝင်တောသို့ထွက်သွား၏။