ယောရှု 17:5Judson Bibleထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။ အခန်းကိုကြည့်ပါ။ |
ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။