သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာမွေးစားရ၏။
ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေအမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။