ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။
သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဖွားမြင်၏။
ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။
ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်းထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ကောင်းသည်မဟုတ်လော။