Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 17:16

Judson Bible

ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ ဧ​ဖ​ရိမ်​တောင်​သည် အ​ကျွန်ုပ်​တို့​အ​ဖို့ မ​လောက်​ပါ။ ချိုင့်​အ​ရပ် ဗက်​ရှန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ယေ​ဇ​ရေ​လ​ချိုင့်၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​အ​ပေါင်း​တို့​သည် သံ​ရ​ထား​နှင့် ပြည့်​စုံ​ပါ​သည်​ဟု လျှောက်​ပြန်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မ​ကြာ​မ​မြင့်​မီ မိုး​ကောင်း​ကင်​သည် မိုး​သက်​မုန်​တိုင်း​နှင့် မည်း၍ ပြင်း​စွာ​မိုး​ရွာ၏။ အာ​ဟပ်​သည် ရ​ထား​စီး၍ ယေ​ဇ​ရေ​လ​မြို့​သို့ သွား၏။

ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။

ထို​နောက်​မှ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​ပိုင်​သော​စ​ပျစ်​ဥ​ယျာဉ်​သည် ယေ​ဇ​ရေ​လ​မြို့​တွင်၊ ရှ​မာ​ရိ​မင်း​ကြီး အာ​ဟပ်၏​နန်း​တော်​နား​မှာ​ရှိ​သည်​ဖြစ်၍၊

ယေ​ဇ​ဗေ​လ​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား၊ ယေ​ဇ​ရေ​လ​မြို့​ရိုး​နား​မှာ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ​ကို စား​ကြ​လိမ့်​မည်။

တာ​နက်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် တ​ကွ​ဗက်​ရှန်​မြို့​မှ အာ​ဗေ​လ​မ​ဟော​လ​မြို့​တိုင်​အောင်​မ​က၊ ယုတ်​နန်​မြို့​အ​လွန်၊ ယေ​ဇ​ရေ​လ​မြို့ အောက်​ဇာ​တ​န​မြို့​နှင့် နီး​စပ်​သော ဗက်​ရှန်​မြို့​နယ်​လုံး​ကို​စီ​ရင်​သော အ​ဟိ​လုပ်၏​သား​ဗာ​န၊

ယေ​ဇ​ဗေ​လ​ကို သင်္ဂြိုဟ်​သော​သူ မ​ရှိ။ ယေ​ဇ​ရေ​လ​မြေ​ကွက်၌၊ ခွေး​တို့​သည် သူ့​ကို​စား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ပြီး​မှ တံ​ခါး​ကို​ဖွင့်၍ ပြေး၏။

သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ​နော​မြို့၊

ထို​ခ​ရိုင်၌ မ​နာ​ရှေ​အ​မျိုး​ရ​သော ပြည်​သုံး​ပြည်​ဟူ​မူ​ကား၊ ဗက်​ရှန်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ အင်္ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ တာ​နက်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် သူ့​မြို့​ရွာ​များ​တို့​ကို ရ​သေး၏။

ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။

ယော​ရှု​က၊ သင်​တို့​သည် အ​မျိုး​ကြီး​ဖြစ်၍ ခွန်​အား​ကြီး​သော​ကြောင့်၊ တစ်​ဖို့​တည်း​ကို​သာ မ​ယူ​ရ။

တောင်​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ သစ်​ပင်​များ​လျှင် ခုတ်​လှဲ​ရ​မည်။ ထွက်​ရာ​လမ်း​တို့​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ ခါ​န​နိ​လူ​တို့​သည် ခွန်​အား​ကြီး၍ သံ​ရ​ထား​နှင့် ပြည့်​စုံ​သော်​လည်း၊ သူ​တို့​ကို နှင်​ထုတ်​ကြ​လိမ့်​မည်​ဟု ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တည်း​ဟူ​သော ယော​သပ်​အ​မျိုး​သား​တို့​အား ပြော​ဆို၏။

သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​နှင့်​အ​တူ​ရှိ​တော်​မူ၍၊ သူ​သည် တောင်​ပေါ်​မှာ​နေ​သော သူ​တို့​ကို​နှင်​ထုတ်​လေ၏။ ချိုင့်​သား​တို့​ကို မ​နှင်​ထုတ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သံ​ရ​ထား​ရှိ​ကြ၏။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။

ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​မှာ စု​ဝေး​စေ​ကြ၏။ ဣ​သ​ရေ​လ လူ​တို့​သည် ယေ​ဇ​ရေ​လ​မြို့​မှာ ရှိ​သော စမ်း​ရေ​တွင်း​အ​နား၌ တပ်​ချ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ