Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 17:14

Judson Bible

ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​သ​ဖြင့် အ​မျိုး​ကြီး​ဖြစ်၍၊ ကိုယ်​တော်​သည် တစ်​ဖို့​တစ်​ခ​ရိုင်​တည်း​ကို​သာ အ​ဘယ်​ကြောင့်​ပေး​ပါ​သ​နည်း​ဟု ယော​ရှု​အား​မေး​လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချ​သ​တည်း။

ထို​မှ​တစ်​ပါး သင်၏​အစ်​ကို​တို့​အား​ပေး​သည်​ထက် သင့်​အား​သာ၍ ပေး​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​ဓား၊ ငါ့​လေး​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​လက်​မှ နုတ်​ယူ​သော​အ​ရာ​ကို သင့်​အား​ငါ​ပေး​သည်​ဟု ယော​သပ်​ကို​ပြော​ဆို၏။

မ​နာ​ရှေ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဧ​ဖ​ရိမ်​ခ​ရိုင်​ရှိ​ရ​မည်။

ဣ​သ​ခါ​အ​မျိုး၊ ယော​သပ်​သား ဣ​ဂါ​လ။

လူ​များ​လျှင်​များ​သော​အ​မွေ​မြေ​ကို​လည်း​ကောင်း၊ လူ​နည်း​လျှင် နည်း​သော အ​မွေ​မြေ​ကို​လည်း​ကောင်း၊ အ​နည်း​အ​များ​အ​လိုက် အ​သီး​အ​သီး​တို့​အား အ​မွေ​မြေ​ကို​ဝေ​ပေး​ရ​မည်။

ထို​သို့ ယော​သပ်​တွင်​မြင်​သော မ​နာ​ရှေ​သား​အ​ဆွေ​အ​မျိုး၌ စုံ​ဖက်​ခြင်း​အ​မှု​ကို​ပြု၍၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​တည်​နေ၏။

ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။

ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ