Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 17:11

Judson Bible

ထို​ခ​ရိုင်၌ မ​နာ​ရှေ​အ​မျိုး​ရ​သော ပြည်​သုံး​ပြည်​ဟူ​မူ​ကား၊ ဗက်​ရှန်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ အင်္ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ တာ​နက်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် သူ့​မြို့​ရွာ​များ​တို့​ကို ရ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊

ရှော​လ​မုန်​မင်း​ကြီး​သည် ငွေ​ခွဲ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ဗိ​မာန်​တော်၊ နန်း​တော်၊ မိ​လ္လော​မြို့၊ ယေ​ရု​ရှ​လင်​မြို့​ရိုး၊ ဟာ​ဇော်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့ ဂေ​ဇာ​မြို့​တို့​ကို တည်​ဆောက်​ခြင်း​ငှာ ငွေ​ခွဲ​ရ​သ​တည်း။

ထို​အ​မှု​ကို ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​မြင်​လျှင်၊ ဥ​ယျာဉ်​စံ​နန်း​လမ်း​ဖြင့် ပြေး၏။ ယေ​ဟု​က​လည်း၊ သူ့​ကို ရ​ထား​ပေါ်​မှာ​ထိုး​တော့​ဟု လိုက်​လျက်​ဆို​သည်​အ​တိုင်း၊ ဣ​ဗ​လံ​မြို့​နား၊ ဂု​ရ​မြို့​သို့​သွား​သော​လမ်း​တွင် ပြု​ကြ​သ​ဖြင့်၊ သူ​သည် မေ​ဂိ​ဒ္ဒေါ​မြို့​သို့​ပြေး၍ သေ၏။

မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က အ​နေ​ရ​မြို့​နှင့် မြို့​နယ်၊ ဗိ​လံ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​အား ပေး​ကြ၏။

မ​နာ​ရှေ​အ​မျိုး​သား နေ​ရာ​အ​နား​မှာ ဗက်​ရှန်​မြို့​နှင့် ကျေး​လက်၊ တာ​နက်​မြို့​နှင့် ကျေး​လက်၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် ကျေး​လက်၊ ဒေါ​ရ​မြို့​နှင့် ကျေး​လက်​တည်း။ ဤ​မြို့​ရွာ​တို့၌ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။

သို့​ရာ​တွင် ယော​ရှိ​သည် မ​လွှဲ​မ​ရှောင်၊ နေ​ခေါ​ဆင့်​ဆို​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ စစ်​တိုက်​ခြင်း​ငှာ ခြား​နား​သော​အ​ယောင်​ကို ဆောင်​လျက်၊ မေ​ဂိ​ဒ္ဒေါ​ချိုင့်၌ စစ်​ပွဲ​ထဲ​သို့ ဝင်​လေ၏။

ထို​သူ​တို့​သည် အင်္ဒေါ​ရ​အ​ရပ်၌​ဆုံး​ရှုံး၍၊ မြေ​ပေါ်​မှာ နောက်​ချေး​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မေ​ဂိ​ဒ္ဒေါ​ချိုင့်​တွင် ဟာ​ဒ​ဒြိ​မ္မုန်​မြို့​မှာ ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​မှာ ကြီး​စွာ​သော ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​လိမ့်​မည်။

တောင်​ရိုး​မြောက်​ဘက်​အ​ရပ်၊ ဂင်္နေ​သ​ရက်​မြို့ တောင်​ဘက်​လွင်​ပြင်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ အ​နောက်​မျက်​နှာ ဒေါ​ရ​ပြည်​နယ်၌​ရှိ​သော မင်း​ကြီး​များ​ထံ​သို့​လည်း​ကောင်း၊

တာ​နက်​မင်း​ကြီး​တစ်​ပါး၊ မေ​ဂိ​ဒ္ဒေါ​မင်း​ကြီး​တစ်​ပါး၊

ဒေါ​ရ​ပြည်​နယ်​မှာ ဒေါ​ရ​မင်း​ကြီး​တစ်​ပါး၊ ဂိ​လ​ဂါ​လ​ပြည်​မှာ ဂေါ​အိမ်​မင်း​ကြီး​တစ်​ပါး၊

ဤ​ရွေ့​ကား၊ မ​နာ​ရှေ​အ​မျိုး​သား​တို့ အ​မွေ​ခံ​ရ​သော​မြေ၌ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​အ​ဖို့ ခွဲ​ထား​သော​မြို့​များ​နှင့်​တ​ကွ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြို့​ရွာ​များ ဖြစ်​သ​တည်း။

တောင်​ဘက်၌ ဧ​ဖ​ရိမ်​မြေ၊ မြောက်​ဘက်၌ မ​နာ​ရှေ​မြေ​ဖြစ်​လျက်၊ ပင်​လယ်​ကန့်​ကွက်၍ မြောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ အ​ရှေ့​ဘက်၌ ဣ​သ​ခါ​ခ​ရိုင်​ရှိ၏။

ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ ဧ​ဖ​ရိမ်​တောင်​သည် အ​ကျွန်ုပ်​တို့​အ​ဖို့ မ​လောက်​ပါ။ ချိုင့်​အ​ရပ် ဗက်​ရှန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ယေ​ဇ​ရေ​လ​ချိုင့်၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​အ​ပေါင်း​တို့​သည် သံ​ရ​ထား​နှင့် ပြည့်​စုံ​ပါ​သည်​ဟု လျှောက်​ပြန်​လျှင်၊

မ​နာ​ရှေ​အ​မျိုး​သည်၊ ဗက်​ရှန်​မြို့​ရွာ​များ၊ တာ​နက်​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​ရွာ​များ၌​နေ​သော​သူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် အ​နိုင်​နေ​ကြ၏။

ရှင်​ဘု​ရင်​တို့​သည် လာ၍ စစ်​တိုက်​ကြ၏။ ခါ​န​နိ​ရှင်​ဘု​ရင်​တို့​သည် မေ​ဂိ​ဒ္ဒေါ​အိုင်၊ တာ​နက်​မြို့​အ​နား​မှာ တိုက်​သော်​လည်း၊ ငွေ​ကို လု​ယူ၍​မ​ရ​ကြ။

ထို​အ​ခါ ရှော​လု​က၊ နတ်​ဝင်​မိန်း​မ​ကို ရှာ​ကြ​လော့။ ငါ​သွား၍​မေး​မြန်း​မည်​ဟု ကျွန်​တို့​အား ဆို​သည်​အ​တိုင်း၊ ကျွန်​တို့​က အင်္ဒေါ​ရ​မြို့​မှာ နတ်​ဝင်​မိန်း​မ​တစ်​ယောက်​ရှိ​ပါ၏​ဟု လျှောက်​သော်၊

လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။

သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ထ​သွား၍၊ ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို ဗက်​ရှန်​မြို့​ရိုး​မှ​ချ​ပြီး​လျှင်၊ ယာ​ဗက်​မြို့​သို့​ဆောင်​ခဲ့၍ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ