Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 17:1

Judson Bible

ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

အဲ​ဂု​တ္တု​ပြည်၌ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ​သ​မီး​အာ​သ​နတ်​တွင် ယော​သပ်​နှင့်​ရ​သော​သား၊ မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်။

အ​ဘ​သည်​လက်​ယာ​လက်​ကို ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ​တင်​သည်​ကို ယော​သပ်​မြင်​လျှင်၊ အား​မ​ရ​သည်​ဖြစ်၍၊

မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။

ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။

ဂိ​လဒ်​ပြည်၊ အာ​ရှာ​အ​မျိုး​သား​များ၊ ယေ​ဇ​ရေ​လ​မြို့​သား​များ၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​လေ၏။

ဂေ​ရှု​ရ​မြို့၊ အာ​ရံ​မြို့​နှင့်​တ​ကွ ယာ​ဣ​ရ​မြို့​စု၊ ကေ​နတ်​မြို့​နှင့် ပတ်​ဝန်း​ကျင်​သော မြို့​စု​မြို့​ပေါင်း ခြောက်​ဆယ်​တို့​ကို တိုက်​ယူ၏။ ထို​မြို့​အ​ပေါင်း​တို့​ကို ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သား​မြေး​တို့​သည် ပိုင်​ကြ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။

နဿ​လိ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် မ​နာ​ရှေ​ခ​ရိုင်​ရှိ​ရ​မည်။

မ​နာ​ရှေ၏​သား​ဟူ​မူ​ကား၊ မာ​ခိ​ရ​မှ​ဆင်း​သက်​သော မာ​ခိ​ရိ​အ​ဆွေ​အ​မျိုး၊

ထို​အ​ခါ ယော​သပ်၏​သား၊ မ​နာ​ရှေ​အ​ဆွေ​အ​မျိုး၌​ပါ​လျက်၊ မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖေ​ရ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၏​သ​မီး မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တို့​သည်​လာ၍၊

ထို​အ​ခါ​မော​ရှေ​သည် အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏ နိုင်​ငံ​ဆိုင်​သ​မျှ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​ဆိုင်​သ​မျှ​သော နယ်​မြေ​မြို့​ရွာ​တို့​ကို ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား၊ ယော​သပ်၏​သား မ​နာ​ရှေ​မှ​ဆင်း​သက်​သော မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်၌ အပ်​ပေး​လေ၏။

မုန်း​သော​မ​ယား၏​သား​သည် သား​ဦး​ဖြစ်​သည်​ဟု ဝန်​ခံ၍၊ နှစ်​ဆ​သော အ​မွေ​ဥ​စ္စာ​ကို သူ့​အား​ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သား​သည်​အ​ဘ၏ ခွန်​အား​အ​စ​ဦး​ဖြစ်၏။ သား​ဦး​အ​ရိုက်​အ​ရာ​နှင့် ဆိုင်​ပေ၏။

ယော​သပ်၏​သား မ​နာ​ရှေ၏​သား​ယောက်ျား အ​ခြား​တည်း​ဟူ​သော အ​ဗျေ​ဇာ​သား၊ ဟေ​လက်​သား၊ အ​သ​ရေ​လ​သား၊ ရှေ​ခင်​သား၊ ဟေ​ဖာ​သား၊ ရှ​မိ​ဒ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရေး​တံ​ပြု၍ ရ​ကြ​သေး၏။

မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား မော​ရှေ​သည် ဗာ​ရှန်​ပြည်၌ မြေ​ကို​ပေး​နှင့်​ပြီ။ အ​မျိုး​တစ်​ဝက်​အား ယော​ရှု​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်၌ သူ​တို့​ညီ​အစ်​ကို​များ​နှင့် အ​တူ မြေ​ကို​ပေး၏။

အာ​မ​လက်​လူ​နေ​ရာ​အ​နား​မှာ နေ​ရာ​ကျ​သော​သူ​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ထွက်​လာ​ကြ၏။ သူ​တို့​နောက်​မှာ သင်၏​ဗိုလ်​ခြေ​တို့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ မာ​ခိ​ရ​အ​မျိုး​ထဲ​က​မင်း​များ၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က စီ​ရင်​တတ်​သော သူ​များ​တို့​သည် ထွက်​လာ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ