မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ထွက်၏။ တစ်ဖန် အရှေ့သို့မျက်နှာပြု၍ တာနတ်ရှိလောမြို့ အရှေ့မှာလျှောက်လျက်၊
ယနောဟမြို့သို့လည်းကောင်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့လည်းကောင်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။
မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ယာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တစ်ပြည်လုံးနှိမ့်ချလျက်ရှိ၏။