ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှာ ငွေခွဲရသတည်း။
ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူမီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
ပြည်တော်၌ကျန်ကြွင်းသော တစ်ပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ကျွန်ခံစေ၏။
ပြည်တော်၌ ကျန်ကြွင်းသော တစ်ပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ်မြေးဆက် အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် အခွန်ပေးစေ၏။
ထိုအခါ ဂေဇာမင်းကြီးဟောရံသည်၊ လာခိရှမြို့ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်းကြီးနှင့် သူ၏လူအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကိုကား၊ ယုဒအမျိုးသားတို့သည်မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
ဤရွေ့ကား၊ မနာရှေအမျိုးသားတို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဖို့ ခွဲထားသောမြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသောမြို့ရွာများ ဖြစ်သတည်း။
သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ကိုမသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင်နေကြ၏။
ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။
ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက်နေကြ၏။