ထိုတောင်ပေါ်မှ ဆင်းပြန်၍၊ နေဖတောစမ်းရေတွင်းကို လျှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့များသို့လည်းကောင်း၊ ကိရယတ်ယာရိမ်မြို့ရာ ဗာလာမြို့သို့လည်းကောင်း၊
ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည်ဗာလာမြို့မှ ဆောင်ခဲ့ခြင်းငှာ၊ မိမိ၌ပါသောသူအပေါင်းတို့နှင့်တကွ ထသွားလေ၏။
ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည် ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
ကိရယတ်ယာရိမ် မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို တစ်ဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။