Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 15:7

Judson Bible

အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။

အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။

ငါ့​ကို​ရှာ​သော ငါ၏​လူ​တို့​အ​ဖို့၊ ရှာ​ရုန်​အ​ရပ်​သည် သိုး​ခြံ​ဖြစ်​လိမ့်​မည်။ အာ​ခေါ်​ချိုင့်​သည်​လည်း နွား​များ အိပ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။

သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။

ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​လ​ဂါ​လ​တပ်​သို့​ပြန်​သွား၏။

ကိ​ရ​ယဿေ​ဖာ​အ​မည်​ဟောင်း​ရှိ​သော ဒေ​ဗိ​ရ​မြို့​သား​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ချီ​သွား၍၊

ဗေ​သော​ဂ​လ​ရွာ​သို့​လည်း​ကောင်း၊ ဗေ​သ​ရာ​ဗ​ရွာ မြောက်​နား​မှာ​လျှောက်​လျက် ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။

မြောက်​ဘက်​နား၌ အင်​ရှေ​မက်​ရွာ​သို့​လည်း​ကောင်း၊ အ​ဒု​မ္မိမ်​ကုန်း​တစ်​ဖက် ဂေ​လိ​လုတ်​ရွာ​သို့​လည်း​ကောင်း၊ ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။

ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။

ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဇေ​ရ​သား​အာ​ခန်​မှ​စ၍ ထို​ငွေ၊ ဝတ်​လုံ၊ ရွှေ​တုံး၊ သား​သ​မီး၊ သိုး​နွား​မြည်း၊ တဲ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို အာ​ခေါ်​ချိုင့်​သို့​ဆောင်​သွား​ပြီး​မှ၊

သူ့​အ​ပေါ်၌ များ​စွာ​သော​ကျောက်​တို့​ကို ပုံ​ထား​ကြ၍ ယ​နေ့​တိုင်​အောင်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အ​မျက်​တော်​အ​ရှိန်​ကို ငြိမ်း​စေ​တော်​မူ၏။ ထို​အ​မှု​ကို​အ​စွဲ​ပြု၍ ထို​ချိုင့်​ကို ယ​နေ့​တိုင်​အောင် အာ​ခေါ်​ချိုင့်​ဟု ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ