အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှထွက်၍၊
အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊
ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌လျှောက်လျှင်၊ သောဒုံအိုင်အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
ဗေသောဂလရွာသို့လည်းကောင်း၊ ဗေသရာဗရွာ မြောက်နားမှာလျှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။