Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 15:13

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ယေ​ဖု​န္နာ၏​သား ကာ​လက်​အ​ဖို့ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ၏​မြို့​ကို ချ​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် အာ​ဗြံ​သည် တဲ​ကို​ပြောင်း​၍၊ ဟေ​ဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေ​ရာ​ကျ၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ​၏။

ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။

ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

သို့​ရာ​တွင် မြို့​နှင့်​ဆိုင်​သော​လယ်​များ၊ ရွာ​များ​တို့​ကို ယေ​ဖု​န္န​သား ကာ​လက်​သည် ရ၏။

ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ယု​ဒ​ခ​ရိုင်​နှင့် ဗင်္ယာ​မိန်​ခ​ရိုင်​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​လေ၏။

ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။

ယု​ဒ​အ​မျိုး၊ ယေ​ဖု​န္နာ​သား ကာ​လက်၊

ထို​ကာ​လ​အ​ခါ ယော​ရှု​သည် ချီ​သွား၍၊ အာ​န​က​လူ​တို့​ကို တောင်​ပေါ်​အ​ရပ် ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်၊ ဣ​သ​ရေ​လ​တောင်​ရှိ​သ​မျှ​တို့​မှ ပယ်​ရှား၍၊ သူ​တို့​မြို့​များ​နှင့်​တ​ကွ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊

ယု​ဒ​ခ​ရိုင်​တောင်​ကြား၌ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ​နေ​သော​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။

တစ်​ဖန် ယု​ဒ​အ​မျိုး​သည်၊ ကိ​ရ​ယ​သာ​ဘ​အ​မည်​ဟောင်း​ရှိ​သော ဟေ​ဗြုန်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​လုပ်​ကြံ​ကြ၏။

မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။

ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။

ခေ​ရ​သိ​ပြည်​တောင်​ပိုင်း၊ ယု​ဒ​ပြည်​နှင့် ကာ​လက်​ပြည်​တောင်​ပိုင်း​ကို တိုက်၍ ဇိ​က​လတ်​မြို့​ကို မီး​ရှို့​ပါ​ပြီ​ဟု​ပြော​ဆို၏။

ဟေ​ဗြုန်​မြို့​မှ​စ၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တည်း​ခို​တတ်​သော မြို့​ရွာ​အ​ရပ်​ရပ်​သို့ ပေး​လိုက်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ