Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 15:11

Judson Bible

ဧ​ကြုန်​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ရှိ​ကြုန်​ရွာ​သို့​လည်း​ကောင်း၊ ဗာ​လာ​တောင်​သို့​လည်း​ကောင်း၊ ယာ​ဗ​နေ​လ​ရွာ​သို့​လည်း​ကောင်း၊ ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်၌ မေး​မြန်း​ခြင်း​ငှာ အ​ဘယ်​ကြောင့် သံ​တ​မန်​တို့​ကို​စေ​လွှတ်​သ​နည်း။ မေး​မြန်း​စ​ရာ​ဖို့ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့် ထို​သို့​ပြု​သ​လော။ သို့​ဖြစ်၍ သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

သူ​တို့​က၊ လူ​တစ်​ယောက်​သည် ကျွန်​တော်​တို့​ကို ကြို​ဆို​ခြင်း​ငှာ​လာ၍ သင်​တို့​ကို​စေ​လွှတ်​သော ရှင်​ဘု​ရင်​ထံ​သို့ ပြန်​ကြ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏ ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ ထို​ကြောင့် သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု ပြော​ရ​မည်​အ​ကြောင်း မှာ​ထား​ပါ​သည်​ဟု လျှောက်​ကြ၏။

ထို​မင်း​သည် စစ်​ချီ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​သ​ဖြင့်၊ ဂါ​သ​မြို့​ရိုး၊ ယာ​ဗ​နေ​မြို့​ရိုး၊ အာ​ဇုတ်​မြို့​ရိုး​တို့​ကို ဖြို​ဖျက်​ပြီး​မှ၊ အာ​ဇုတ်​မြို့​ပတ်​လည်၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်၌ မြို့​သစ်​တို့​ကို တည်​ထောင်​လေ၏။

အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​သည် အ​နောက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

ဗာ​လာ​မြို့ အ​နောက်​ဘက်​နား​မှာ​လျှောက်​လျက် စိ​ရ​တောင်​သို့​လည်း​ကောင်း၊ ခေ​သ​လုန်​တောင်​တည်း​ဟူ​သော ယာ​ရိမ်​တောင် မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ဗက်​ရှေ​မက်​မြို့၊ တိ​မ​နာ​မြို့​သို့​လည်း​ကောင်း၊

အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​နှင့် ပင်​လယ်​ကမ်း​ပါး​သည် အ​နောက်​အ​ပိုင်း​အ​ခြား​ဖြစ်၏။ ဤ​ရွေ့​ကား ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် နေ​ရာ​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

ထို​မှ​တစ်​ပါး ဧ​ကြုန်​မြို့​နှင့်​သူ​ဆိုင်​သော မြို့​ရွာ​များ၊

ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊

ယု​ဒ​သည် ဂါ​ဇ​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​ကေ​လုန်​မြို့​နှင့် မြို့​နယ်၊ ဧ​ကြုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း တိုက်​ယူ​လေ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ထ၍ ကြွေး​ကြော်​လျက် ချိုင့်​တိုင်​အောင်​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ တံ​ခါး​တိုင်​အောင်​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ကြ၏။ ထိ​ခိုက်​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ရှာ​ရိမ်​မြို့ လမ်း​နား​မှ​စ၍ ဂါ​သ​မြို့၊ ဧ​ကြုန်​မြို့​တိုင်​အောင် လဲ​ကြ၏။

တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊

လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် သိမ်း​ယူ​သော ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ဧ​ကြုန်​မြို့​မှ​စ၍ ဂါ​သ​မြို့​တိုင်​အောင် ပြန်​ပေး​ရ​ကြ၏။ မြို့​နယ်​တို့​ကို​လည်း ဣ​သ​ရေ​လ​လူ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ နုတ်​ယူ​ကြ၏။ ဣ​သ​ရေ​လ​လူ​နှင့် အာ​မော​ရိ​လူ​တို့​သည်​လည်း စစ်​မ​ရှိ အ​သင့်​အ​တင့်​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ