Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 14:9

Judson Bible

ထို​နေ့​ရက်၌ မော​ရှေ​က၊ သင်​သည် ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ အ​ကယ်၍ သင်​နင်း​ပြီး​သော​မြေ​သည် အ​စဉ်​အ​ဆက် သင်၏​အ​မွေ၊ သင်၏​သား​မြေး​တို့၏​အ​မွေ ဖြစ်​ရ​လိမ့်​မည်​ဟု ကျိန်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။

ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။

သင်​တို့​သည် ခြေ​နှင့်​နင်း​သ​မျှ​သော​အ​ရပ်​ကို ပိုင်​သ​ဖြင့်၊ တော​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ပင်​လယ်​ကမ်း​နား​တိုင်​အောင်​လည်း​ကောင်း၊ မြေ​တစ်​လျှောက်​လုံး​သည် သင်​တို့၏​နိုင်​ငံ​အ​ဝင် ဖြစ်​လိမ့်​မည်။

မော​ရှေ​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့​နင်း​သ​မျှ​သော​မြေ​ကို သင်​တို့​အား​ငါ​ပေး​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။

မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ