Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 14:4

Judson Bible

ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

အဲ​ဂု​တ္တု​ပြည်၌ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ​သ​မီး​အာ​သ​နတ်​တွင် ယော​သပ်​နှင့်​ရ​သော​သား၊ မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်။

နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။

သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။

နောက်​မှ​သင်​ရ​သော​သား​တို့​သည် သင်၏​သား​ဖြစ်၍ မိ​မိ​အ​မွေ​ခံ​ရာ​တွင် မိ​မိ​အစ်​ကို​တို့​အ​မည်​ဖြင့် သ​မုတ်​ရ​ကြ​မည်။

တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​တွင်

ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ