ထာဝရဘုရား၏ကျွန် မောရှေပေးသောမြေဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘလွင်ပြင်တစ်လျှောက်လုံး၊
ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချကြ၏။
မြင်းရထားသူရဲ သုံးသောင်းနှစ်ထောင်ကိုလည်းကောင်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကိုလည်းကောင်း ငှားသဖြင့်၊ ထိုသူတို့သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသားတို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊
ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွားမြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။
ဒိဘုန်မြို့၌နေသော သတို့သမီး၊ သင်ခံစားရသော စည်းစိမ်မှဆင်း၍ အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကိုဖျက်ဆီးလိမ့်မည်။
ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊
လုယူသောသူသည် မြို့များအစဉ်အတိုင်းရောက်လာ၍ မြို့တစ်မြို့မျှ မလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင်သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
တစ်ဖန်ငါတို့သည် အာမောရိသားတို့ကို တိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင် ပျက်လေပြီ။ မေဒဘမြို့နှင့်နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့ တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌အပ်တော်မူ၏။
ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တစ်ဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အား ငါပေး၏။
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင် မြေတစ်လျှောက်လုံးကိုလည်းကောင်း၊
အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တစ်ဝက်၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်လည်းကောင်း၊
အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ရှိသမျှ၊
အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင်တစ်လျှောက်လုံး၊
ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကိုခံကြပြီဟု မိန့်တော်မူ၏။