Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 13:7

Judson Bible

ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​အ​တိုင်း​ကျင့်၍၊ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏​မြေ​ကို ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​ခြား​သော​လူ​တို့၏​အ​လုပ်​ထဲ​သို့ ဝင်​စား​ရ​ကြ၏။ ဟာ​လေ​လု​ယ။

သူ​တို့​ရှေ့​မှာ​လည်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို​တာ​ထိုး၍ ပိုင်း​ခြား​လျက် နေ​ရာ​ချ​တော်​မူ၏။

သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ