Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 13:6

Judson Bible

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ ထို​မင်း​ကြီး​များ​အ​စိုး​ရ​သော မြို့​ရှိ​သ​မျှ​တို့​နှင့် မင်း​ကြီး​အ​ပေါင်း​တို့​ကို ယော​ရှု​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​လုပ်​ကြံ၍ ဇိ​ဒုန်​ရ​ဗ္ဗာ​မြို့၊ မိ​သ​ရ​ဖော​သ​မိမ်​မြို့ အ​ရှေ့​မျက်​နှာ မိ​ဇ​ပါ​ချိုင့်​တိုင်​အောင်​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။

ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။

ယော်​ဒန်​မြစ်​မှ​စ၍ အ​နောက်​ပင်​လယ်​ကြီး​တိုင်​အောင်၊ ငါ​ပယ်​ရှင်း​သ​မျှ​သော လူ​မျိုး​တို့​နှင့်​တ​ကွ ကြွင်း​သေး​သော ဤ​လူ​မျိုး​နေ​သော​ပြည်​ကို သင်​တို့​အ​မျိုး​များ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ငါ​ဝေ​ဖန်​ပြီ။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ဤ​လူ​မျိုး​တို့​ကို နှင်​ထုတ်၍ သင်​တို့​မ​မြင်​ရ​အောင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့၏​မြေ​ကို သင်​တို့​သည် အ​ပိုင်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ