Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 13:5

Judson Bible

နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ရှော​လ​မုန်​မင်း၏​လက်​သ​မား​တို့​နှင့် ဟိ​ရံ​မင်း၏​လက်​သ​မား​တို့​သည် ဂေ​ဗာ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ၊ အိမ်​တော်​ကို​တည်​ဆောက်​စ​ရာ​ဖို့ သစ်​သား​များ၊ ကျောက်​များ​တို့​ကို ပြင်​ဆင်​ကြ၏။

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။

ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။

ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို ဖမ်း​ဆီး၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့​သို့​ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန် ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊

ဂေ​ဗ​လ​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​သည် သင့်​ကို ပြု​ပြင်​လျက် လိုက်​ကြ၏။ ပင်​လယ်​ကူး​တတ်​သော သင်္ဘော​ရှိ​သ​မျှ၊ သင်္ဘော​သား​တို့​နှင့်​တ​ကွ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ငှာ ပါ​ကြ၏။

ကာ​လ​နေ​မြို့​သို့ သွား၍ ကြည့်​ရှု​ကြ​လော့။ ထို​မြို့​မှ ဟာ​မတ်​ကြီး​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​နေ​သော ဂါ​သ​မြို့​သို့​လည်း​ကောင်း သွား​ကြ​လော့။ ထို​နိုင်​ငံ​တို့​သည် ဤ​နိုင်​ငံ​တို့​ထက် သာ၍ ကောင်း​သ​လော။ သူ​တို့​နယ်​အ​ပိုင်း​အ​ခြား​သည် သင်​တို့ နယ်​အ​ပိုင်း​အ​ခြား​ထက် သာ၍ ကျယ်​သ​လော။

ထို​သူ​တို့​သည် ဇိ​န​တော​မှ​သွား၍ ဟာ​မတ်​မြို့​သို့​ရောက်​သော​လမ်း​နား၊ ရ​ဟော​ဘ​မြို့​တိုင်​အောင် ခါ​နာန်​ပြည်​ကို​စူး​စမ်း​ကြ၏။

ထို​တောင်​မှ ဟာ​မတ်​လမ်း​ဝ၊ ဇေ​ဒဒ်​ရွာ၊

လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။

အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ ထို​ကောင်း​မွန်​သော​ပြည်​နှင့် လေ​ဗ​နုန်​တောင်​မှ​စ၍ တင့်​တယ်​သော​တောင်​များ​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​တောင်း​ပန်​သော်​လည်း၊

လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဂေါ​ရှင်​ပြည်၊ ချိုင့်​များ၊ လွင်​ပြင်​များ၊ ဣ​သ​ရေ​လ​တောင်၊ ဣ​သ​ရေ​လ​ချိုင့်​နှင့်​တ​ကွ ထို​ပြည်​အ​လုံး​စုံ​ကို ယော​ရှု​သည်​သိမ်း​ယူ၍၊ မင်း​ကြီး​အ​ပေါင်း​တို့​ကို​အောင်​သ​ဖြင့် လုပ်​ကြံ​ကွပ်​မျက်​လေ၏။

အ​ရှေ့​အ​နောက်၌​နေ​သော ခါ​န​နိ​လူ၊ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ မိ​ဇ​ပါ​ပြည်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌​နေ​သော ဟိ​ဝိ​လူ​တို့​ရှိ​ရာ​သို့​လည်း​ကောင်း​စေ​လွှတ်၍၊

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​မှာ လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​မှ​စ၍၊ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​တိုင်​အောင် တောင်​ပေါ်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ လွင်​ပြင်​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ်၊ တော​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​နေ​ရာ၊ ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​လုပ်​ကြံ၍၊ ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​ပိုင်​ပေး​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ