ယောရှု 13:31Judson Bibleဂိလဒ်ပြည်တစ်ဝက်၊ ဗာရှန်ပြည်၌ ဩဃ၏နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏သားမြေးတစ်ဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ဟေရမုန်တောင်နှင့် သာလကပြည်ကိုလည်းကောင်း၊ ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည် တစ်လျှောက်လုံးကိုလည်းကောင်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည်တစ်ဝက်ကိုလည်းကောင်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌နေသော အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင်ဩဃတစ်ပါး၊
တစ်ဖန် ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆုံးမသည်အတိုင်း၊