မောရှေသည် မနာရှေအမျိုးတစ်ဝက်အားအမွေပေး၍၊ မနာရှေအမျိုးသားတစ်ဝက်သည် အဆွေအမျိုးအလိုက် အမွေခံရသော ပြည်များဟူမူကား၊
မနာရှေအမျိုးတစ်ဝက်သည်၊ ထိုပြည်တွင် ဗာရှန်မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင်တိုင်အောင် ပွားများလျက်နေ၏။
နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။
သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။
ဂိလဒ်တောင်တစ်ဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တစ်ပြည်လုံးကို မနာရှေအမျိုးသားတစ်ဝက်အား ငါပေး၏။
ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။
မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။
ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။
မနာရှေအမျိုးတစ်ဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတစ်ဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။