Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 13:25

Judson Bible

ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ခါ​လည်၍ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​ကျွန်​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​ပေါင်း​တို့​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင်​ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။

ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊

ယော်​ဒန်​မြစ်​ကို​ကူး၍ ဂဒ်​ချိုင့်၌​ရှိ​သော အာ​ရော်​မြို့​အ​ရှေ့​ဘက်၊ ယာ​ဇာ​မြို့​အ​နား​မှာ တပ်​ချ​ကြ၏။

ဟေ​ဗြုန်​အ​မျိုး​သား​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ယေ​ရိ​ယ​သည် အ​ကြီး​အ​ကဲ​ဖြစ်၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​လေး​ဆယ်​တွင်၊ ထို​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍ ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့၌ ခွန်​အား​ကြီး​သော​သူ​ရဲ​တို့​ကို တွေ့၏။

ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။

ဟေ​ရှ​ဘုန်​လယ်​ပြင်​တို့​သည် သွေ့​ခြောက်​ကြ၏။ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင် အ​ညွန့်​များ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​မင်း​တို့​သည် ချိုး​ကြ​ပြီ။ ထို​အ​ညွန့်​တို့​သည် အ​ထက်​က ယာ​ဇာ​မြို့​တိုင်​အောင်​ရောက်၍၊ တော၌​လည်​တတ်​ကြ၏။ အ​လက်​တို့​သည် ရှည်​လျား၍၊ ပင်​လယ်​ကို​လွန်​ကြ၏။

အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။

အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။

အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။

အာ​တ​ရုတ်၊ ရှော​ဖန်၊ ယာ​ဇာ၊ ယု​မ္ဘေ​ဟ၊

အ​မ္မုန်​အ​မျိုး​သား​တို့​အ​နီး​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​မ​နှောင့်​ယှက်​နှင့်၊ အ​လျှင်း​မ​ပြု​နှင့်။ အ​မ္မုန်​အ​မျိုး​သား​နေ​သော​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး၊ ထို​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။

ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊

မော​ရှေ​သည် ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော ပြည်​များ​ဟူ​မူ​ကား၊

ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ ရာ​မတ်​မိ​ဇ​ပါ​မြို့၊ ဗေ​တော​နိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​စ၍ ဒေ​ဗိ​ရ​မြို့​နယ်​တိုင်​အောင်​လည်း​ကောင်း​ပါ​သော​ပြည်၊

ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း​ပေး​ကြ၏။

ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။ ဒန်​အ​မျိုး​သည် သင်္ဘော​ဆိပ်​အ​နား​မှာ အ​ဘယ်​ကြောင့် နေ​ရစ်​သ​နည်း။ အာ​ရှာ​အ​မျိုး​သည်​လည်း ပင်​လယ်​ကမ်း​နား သင်္ဘော​ဆိုက်​ရာ​ကွေ့​တို့၌ မ​လှုပ်​ဘဲ​ငြိမ်​ဝပ်​စွာ​နေ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ