မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီးအသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ဖွားမြင်သော ယာကုပ်၏သားများတည်း။
သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။
ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင် ရှိရမည်။
ရုဗင်အမျိုးသားနေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။
ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊