Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 12:7

Judson Bible

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​မှာ လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​မှ​စ၍၊ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​တိုင်​အောင် တောင်​ပေါ်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ လွင်​ပြင်​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ်၊ တော​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​နေ​ရာ၊ ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​လုပ်​ကြံ၍၊ ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​ပိုင်​ပေး​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

စိ​ရ​တောင်​ပေါ်​မှာ​ဟော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ၍၊ တော​နား​မှာ​ရှိ​သော ဧ​လ​ပါ​ရန်​မြို့​တိုင်​အောင် လိုက်​ကြ​၏။

ထို​အ​ခါ ယာ​ကုပ်​သည်၊ အစ်​ကို​ဧ​သော​နေ​ရာ ဧ​ဒုံ​ပြည်​တည်း​ဟူ​သော စိ​ရ​ပြည်​သို့၊ တ​မန်​တို့​ကို မိ​မိ​ရှေ့​မှာ​စေ​လွှတ်၍ မှာ​လိုက်​သည်​ကား၊

ထို​ပြည်၌​နေ​သော​ဟော​ရိ​အ​မျိုး၊ စိ​ရ၏​သား​ကား၊ လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊

ဗိုလ်​ဒိ​ရှုန်၊ ဗိုလ်​ဧ​ဇာ၊ ဗိုလ်​ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် စိ​ရ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​တို့​တွင်၊ ဟော​ရိ​အ​မျိုး​ဗိုလ်​ဖြစ်​သ​တည်း။

သို့​ဖြစ်၍ ဧ​ဒုံ​အ​မည်​ရှိ​သော​ဧ​သော​သည် စိ​ရ​တောင်​ပေါ်​မှာ​နေ​လေ​၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။

သင်​သည် လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​နေ​သော စိ​ရ​ပြည်​အ​နား​မှာ သင်​တို့​လျှောက်​သွား​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ ထို​ကြောင့် သ​တိ​ပြု​ကြ​လော့။

လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဂေါ​ရှင်​ပြည်၊ ချိုင့်​များ၊ လွင်​ပြင်​များ၊ ဣ​သ​ရေ​လ​တောင်၊ ဣ​သ​ရေ​လ​ချိုင့်​နှင့်​တ​ကွ ထို​ပြည်​အ​လုံး​စုံ​ကို ယော​ရှု​သည်​သိမ်း​ယူ၍၊ မင်း​ကြီး​အ​ပေါင်း​တို့​ကို​အောင်​သ​ဖြင့် လုပ်​ကြံ​ကွပ်​မျက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။

ယော်​ဒန်​မြစ် အ​နောက်​ဘက်၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​တစ်​ဖက်၊ မ​ဟာ​ပင်​လယ်​ကမ်း တစ်​လျှောက်​လုံး၌​လည်း​ကောင်း​နေ​သော ဟိ​တ္တိ၊ အာ​မော​ရိ၊ ခါ​န​နိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​အ​မျိုး​မင်း​ကြီး​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ