တိရဇမင်းကြီးတစ်ပါး၊ မင်းကြီးပေါင်းသုံးဆယ်တစ်ပါးတည်း။
ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တစ်နှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တစ်ဆယ်နှစ်နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့သို့သွား၍၊ ယာဖက်သားရှလ္လုံကို သေအောင်လုပ်ကြံပြီးလျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တစ်နှစ် စိုးစံလေ၏။
သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမီတိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။