အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တစ်ဝက်၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ အမ္မုန်ပြည်စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်လည်းကောင်း၊
ညမကုန်မီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှဆင်းသက်သော ဗေလသည်လည်း မင်းဖြစ်လျက်၊ အာရော်မြို့မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာကျယ်၏။
နောက်မှတစ်ပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူကြ၏။
အို အာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှုလော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကို မေးမြန်းလော့။
အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။
အာမောရိပြည် နယ်မြေတစ်လျှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။