Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 11:14

Judson Bible

ထို​မြို့​များ၌ လက်​ရ​ဥ​စ္စာ​နှင့် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကိုယ်​အ​ဖို့​သိမ်း​ယူ​ကြ၏။ လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ရှိ​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။ တစ်​ယောက်​ကို​မျှ အ​ရှင်​မ​ကျန်​ကြွင်း​စေ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ မိ​ဒျန်​မိန်း​မ​များ၊ သူ​ငယ်​များ​တို့​ကို လက်​ရ​သိမ်း​ယူ၍၊ သိုး၊ ဆိတ်၊ နွား​အ​စ​ရှိ​သော ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို လု​ယူ​ကြ၏။

မိန်း​မ၊ သူ​ငယ်၊ တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော မြို့၌​တွေ့​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို ကိုယ်​ဖို့​သိမ်း၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော သင်၏​ရန်​သူ​လက်​မှ​ရ​သော ဥ​စ္စာ​ကို​စား​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ် ရှိ​သ​မျှ​တို့​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အ​သက်​ရှင်​သော​သူ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ အ​သက်​ရှင်​စေ​ခြင်း​ငှာ​မ​ထား။ ရှင်း​ရှင်း​ဖျက်​ဆီး၍ မြို့​ကို​လည်း​မီး​ရှို့​လေ၏။

သို့​ရာ​တွင်၊ ဟာ​ဇော်​မြို့​မှ​တစ်​ပါး၊ တောင်​ပေါ်၌​တည်​သော​မြို့​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် မီး​မ​ရှို့​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​ကို​သာ ယော​ရှု​မီး​ရှို့​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ယော​ရှု​ကို​ဆင့်​ဆို၏။ ယော​ရှု​လည်း ထို​သို့​ပြု​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သ​မျှ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို လှပ်၍​မ​ထား။

ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​အား​ပြု​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့်​မင်း​ကြီး​အား ပြု​ရ​မည်။ သို့​ရာ​တွင် လု​ယူ​သော​ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​များ​ကို ကိုယ်​အ​ဖို့​သိမ်း​ရ​မည်။ မြို့​နောက်​မှာ ကင်း​တပ်​ကို​ထား​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား မှာ​ထား​တော်​မူ​သော​စ​ကား​အ​တိုင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် လက်​ရ​ဥ​စ္စာ​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ဖို့ သိမ်း​ယူ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ