Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:5

Judson Bible

ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​လေး​ဆက်​လွန်​သော​အ​ခါ၊ သူ​တို့​သည် ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။ အာ​မော​ရိ​အ​မျိုး​သား​တို့၏​ဒု​စ​ရိုက်​အ​ပြစ်​သည် မ​စုံ​လင်​သေး​ဟု အာ​ဗြံ​အား မိန့်​တော်​မူ၏။

ယု​ဒ​ပြည်၌ ခိုင်​ခံ့၍ ကျန်​ကြွင်း​သော​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့ တည်း​ဟူ​သော ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော မြို့​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား ဆင့်​ဆို​လေ၏။

အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

မင်း​ကြီး​ငါး​ပါး​တို့​သည် ပြေး၍ မ​က္က​ဒါ​လိုဏ်​ခေါင်း၌ ပုန်း​လျက်​နေ​ကြ၏။

ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် သိမ်း​ယူ​သော ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ဧ​ကြုန်​မြို့​မှ​စ၍ ဂါ​သ​မြို့​တိုင်​အောင် ပြန်​ပေး​ရ​ကြ၏။ မြို့​နယ်​တို့​ကို​လည်း ဣ​သ​ရေ​လ​လူ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ နုတ်​ယူ​ကြ၏။ ဣ​သ​ရေ​လ​လူ​နှင့် အာ​မော​ရိ​လူ​တို့​သည်​လည်း စစ်​မ​ရှိ အ​သင့်​အ​တင့်​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ