Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:41

Judson Bible

ကာ​ဒေ​ရှ​ဗာ​နာ​မြို့​မှ​စ၍ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​တစ်​လျှောက်​လုံး​နှင့်​တ​ကွ၊ ဂိ​ဗောင်​မြို့​တိုင်​အောင်​လည်း​ကောင်း လုပ်​ကြံ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ခါ အိပ်​မက်​တွင် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည်​ဆု​ကို တောင်း​လော့​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

ထို​အ​မှု​ကို အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်၍ ကြောက်​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် မြင်၍ အ​လွန် တုန်​လှုပ်​လိမ့်​မည်။ ဧ​ကြုန်​မြို့​လည်း မျှော်​လင့်၍ အ​ရှက်​ကွဲ​သော​ကြောင့် ထို​အ​တူ​ဖြစ်​လိမ့်​မည်။ ဂါ​ဇ​မင်း​ကြီး​သည် ဆုံး​လိမ့်​မည်။ အာ​ရှ​ကေ​လုန်​မြို့​သည်​လည်း အ​စိုး​မ​ရ။

မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။

ပြည်​တော်​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ဘ​တို့​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​က ငါ​စေ​လွှတ်​သော​အ​ခါ ထို​သို့​ပြု​ကြ၏။

တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တောင်​မျက်​နှာ​မှ​လည်၍၊ အာ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​ရ​မည်။ ထို​ရွာ​က​ပြန်၍ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟာ​ဇ​ရ​ဒ္ဒါ​ရွာ၊ အာ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။-

ငါ​တို့​သည် ဟော​ရပ်​အ​ရပ်​မှ​ထွက်​သော​နောက်၊ အာ​မော​ရိ​တောင်​သို့ သွား​သော​လမ်း​နား​မှာ ကြောက်​မက်​ဖွယ်​ဖြစ်၍ သင်​တို့​တွေ့​မြင်​သော တော​ကြီး​အ​လယ်၌၊ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း လျှောက်​သွား၍၊ ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ ရောက်​ကြ၏။

ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊

ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။

ထို​သို့ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​မှ​စ၍ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၊

ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။

ဂေါ​ရှင်​မြို့၊ ဟော​လုန်​မြို့၊ ဂိ​လော​မြို့၊ ရွာ​နှင့် တ​ကွ​ဆယ်​တစ်​မြို့​တည်း။

နောက်​တစ်​ဖန် ရှံ​ဆုန်​သည် ဂါ​ဇ​မြို့​သို့​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​ကို တွေ့​ပြီး​လျှင် သူ့​ဆီ​သို့​ဝင်၍​နေ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​အား ပြန်​ပေး​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​မြင်း​သ​ရိုက်​ပုံ​တို့​ကား၊ အာ​ဇုတ်​မြို့​ဖို့​တစ်​ခု၊ ဂါ​ဇ​မြို့​ဖို့​တစ်​ခု၊ အာ​ရှ​ကေ​လုန်​မြို့​ဖို့​တစ်​ခု၊ ဂါ​သ​မြို့​ဖို့​တစ်​ခု၊ ဧ​ကြုန်​မြို့​ဖို့​တစ်​ခု ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ