Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:4

Judson Bible

ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-

သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။-

ဤ​သူ​ကား၊ ငါ​တို့​အ​မျိုး​နှင့် ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း ဤ​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ ဆန့်​ကျင်​ဘက်​ပြု၍၊ လူ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​သော​သူ​ဖြစ်​ပါ၏။ ထို​မျှ​မ​က၊ ဟေ​လ​သ​လူ​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း၍၊ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​ပြီ​တ​ကား​ဟု ဟစ်​ကြော်၍၊ ပေါ​လု​ကို ဖမ်း​ဆီး​ကြ၏။-

ယေ​ရှု​ခ​ရစ်၏ တ​ရား​တော်​နှင့်​အ​ညီ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊

ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။

ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။

ယ​ခု​မှာ သင်​တို့​သည် သူ​တို့​နှင့်​အ​တူ မ​ဆက်​ဆံ၊ ကာ​မ​ဂုဏ်၌ လွန်​ကျူး​ညစ်​ညူး​စွာ မ​ပြု​သည်​အ​ရာ​ကို သူ​တို့​သည်​အံ့​ဩ၍ ကဲ့​ရဲ့​တတ်​ကြ၏။-

နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ