ယောရှု 10:38Judson Bibleတစ်ဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကိုလည်းကောင်း၊ မြို့သူမြို့သားအပေါင်းတို့ကိုလည်းကောင်း၊ တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးကြ၏။
ထိုမြို့နှင့် မင်းကြီးကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကိုလည်းကောင်းရ၍၊ ဓားနှင့်လုပ်ကြံသဖြင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်မင်းကြီးကို ပြုသတည်း။