Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယော​ရှု 10:35

Judson Bible

ထို​နေ့​ချင်း​တွင်​ရ၍ လာ​ခိ​ရှ​မြို့​ကို ပြု​သ​ကဲ့​သို့၊ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍ တစ်​နေ့​ချင်း​တွင် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ဝိုင်း၍ ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ငါ​ပျောက်​ကုန်​ပြီ။ သစ်​ပင်​ကို နုတ်​သ​ကဲ့​သို့၊ ငါ​မျှော်​လင့်​ရ​သော​အ​ခွင့်​ကို နုတ်​တော်​မူ​ပြီ။

သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ဧ​ဂ​လုန်​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဧ​ဂ​လုန်​မြို့​မှ ဟေ​ဗြုန်​မြို့​သို့ ချီ​သွား၍ တိုက်​ကြ၏။

ရ​သော​အ​ခါ၊ ဧ​ဂ​လုန်​မြို့​ကို ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍ မြို့​နှင့်​မြို့​သား​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ